Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်

ရန်ကုန် မေ ၁၃

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယခင်အပတ်သောကြာနေ့နံနက်ပိုင်းက ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားပြီး သင်တန်းမှူးက မိတ်ဆက်စကားပြောကြားသည်။

ထို့နောက် သင်တန်းဆရာများက ကိုယ်ရေးအကျဉ်းနှင့် သင်ကြားမည့်ဘာသာရပ်အကြောင်း အရာနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြကြသည်။

အဆိုပါသင်တန်းကို အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပို့ချမည့် ဆရာများဖြစ်သည့် ဦးကိုကိုဦး (MDEA, Executive Director)၊ ဦးမောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၊ ဦးရဲမင်းစိုး (မောင်မောက်-ဝတ်လုံ)နှင့် ဦးမြတ်စိုး(လှိုင်)တို့က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်