Skip to main content

ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ သေဆုံး/ဒဏ်ရာများရရှိ

နေပြည်တော် မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင်နေကြသော ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက ရွံရှာစက်ဆုပ်မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။