Skip to main content

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များ လှည့်လည်ရောင်းချ

နေပြည်တော် မေ ၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကိုနေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၆ ရက်တွင် ၃၇ ရက် မြောက်အဖြစ် ဈေးကားကိုးစီးဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှ မေ ၆ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိ ဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥတ္တရသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော်ခုတင် (၃၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ပုဗ္ဗသီရိခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် စုပေါင်းရုံးများ၊ အမှတ်-၂ တပ်မတော်စစ်ဆေးရုံ (ခုတင်-၁၀၀၀)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒက္ခိဏသီရိခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဇမ္ဗူသီရိဆေးရုံ၊ စည်ပင်ဧည့်ရိပ် သာ (၁၊ ၂) တို့ရှိ ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၁၀၄၂၁ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၄၄၃ အိတ်၊ ဆီပိဿာ ၃၉၈၉၀ ၊ ဆား ၁၅၅၄ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါအိတ် ၅၇၇၉ ထုပ်၊ ငါးပိ ၃၁၇ ပိဿာ၊ အမဲသား ၃၂၅ ပိဿာ၊ ဆိတ်သားပိဿာ ၁၀၀ ၊ ကြက်သား (အမွေးနှုတ်ပြီး)အကောင် ၄၅၀ ၊ ဝက်သား ပိဿာ ၁၂၀ ၊ ကြက်ဥအလုံး ၁၈၇၄၀ ၊ ဘဲဥ ၇၂၆၅ လုံး၊ ငုံးဥ အလုံး၂၀၀၀၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပဲ့ခြောက်များ၊ ငါးကြင်းပိဿာ ၉၀၊ ငါးတန် ပိဿာ ၉၀ ၊ ငါးမုတ်ပိဿာ ၇၀၊ ငါးမြစ်ချင်းပိဿာ ၁၀၀၊ ခေါက်ဆွဲ ခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူစသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများစသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ စစ်ကိုင်းမြို့တွင်ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၂၁ အိတ်၊ စားအုန်းဆီ ၅၀၀၃ ပိဿာ၊ ဆား ၈၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ၄၁၈ ဘူး၊ ငါးပိ ၂၈ ပိဿာ၊ ကြက်သွန်နီ ၅၈၈ ပိဿာ၊ အသားတု ၃၁ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၆၇၈ အိတ်၊ စားအုန်းဆီ ပိဿာ ၆၈၂၀၀၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၉၆ ထုပ်၊ ငါးပိ ၂၃ ပိဿာ၊ ငါးနီတူ ခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်