Skip to main content

မန္တလေးငလျင်ဘေးသင့် ဝန်ထမ်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် မေ ၆

မန္တလေးငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်ခါနန်တရုတ်နှစ်ခြင်းအသင်းတော်က ငွေကျပ် သိန်း ၅၀၊ ဆန်နှစ်ပြည်အိတ် ၅၀ နှင့် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီက ငွေကျပ် ၁၀ သိန်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန DMC ရုံး၌ ပေးအပ်လှူဒါန်းသည်။

အဆိုပါ လှူဒါန်းငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်က လက်ခံယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်