Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ ယာယီနေထိုင်ရန် ယာယီအဆောက်အအုံများတည်ဆောက်

နေပြည်တော် မေ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နေပြည်တော်ရှိ ဝန်ထမ်းများ ယာယီနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာဇမ္ဗူသီရိမြို့နယ် (၂၅)ဧကရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝင်းအတွင်း အိမ်ထောင်သည် ၆၀ အတွက် နှစ်ခန်းတွဲလိုင်းခန်းများ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ နေပြည်တော်ကောင်စီရုံးလမ်းမပေါ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် မြေနေရာတွင် ၃၆ ဦး နေထိုင်နိုင်သည့် ယာယီအဆောက်အအုံ ခြောက်ဆောင်တည်ဆောက်နေမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနတွင် နေထိုင်ကြမည့် ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရေအရင်းအမြစ်ဌာနခွဲမှ ဆောင်ရွက်နေသည့် ၆ လက်မရေတွင်း တူးဖော်နေမှု ကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စားရိပ်သာတွင် ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် ညစာပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ စက်မှုလယ်ယာသင်တန်းကျောင်းအတွင်း တည်ဆောက်နေသည့် လိုင်းခန်းများ တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်