Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးမြို့ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မန္တလေး) ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိကာ ပင်မဆောင်ထိခိုက်ပျက်စီးမှု အခြေအနေများကိုလှည့်လည် ကြည့်ရှုစစ်ဆေး၍ ဇွန်လဆန်းတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် လက်တွေ့ခန်းများ အဆင်သင့်ဖြစ်စေနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာသင်ခန်းလိုအပ်ချက်များနှင့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး) ရှိ စာသင်ဆောင်များ၊ အလုပ်ရုံများတွင် သင်ကြားသင်ယူမှုများနှင့် စာတွေ့လက်တွေ့ ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ဇွန်လဆန်းတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်သွားကြရမည် ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားကျောင်းသူအိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်