Skip to main content

မန္တလေးငလျင်ကြီးဘေးသင့်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် မေ ၅

အင်အားပြင်းမန္တလေးငလျင်ကြီး ဘေးသင့်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးသီဟလွင် ဦးဆောင်သည့်အဖွဲ့ဝင်များက ငွေကျပ်သိန်း ၂၀၀ ကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်