Skip to main content

အုန်းသီးတန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုး မြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို ပြန်လည်အသုံးချ၍ အုန်းသီးအခြေခံစားသောက်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်း၌သာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ အကျိုးကျေးဇူး ရရှိနိုင်သောကြောင့် တတ်မြောက်အောင်သင်ကြားရန် လိုအပ်ကြောင်း၊ စီမံကိန်းမှဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ သင်တန်းပထမနေ့အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနညွှန်ကြားရေးမှူးက အုန်းသီးတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို စာတွေ့နှင့်ထုတ်ကုန်များ စမ်းသပ်ထုတ်လုပ်ခြင်းကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချသည်။

ယခုဖွင့်လှစ်သည့် သင်တန်းတွင် အုန်းသီးအခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ ပြုလုပ်ခြင်းနှင့် ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြင့် အုန်းထုတ်ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာ ရက်မှ ရက် အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၃၄ ဦး တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်