Skip to main content

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၅

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေး တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက်ရောက်လာကြသူများက မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။

အကြိမ် (၃၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ် ရုံဆွေးနွေးပွဲကို The Power of Mentoring in Medical Education: Supporting Student With Effective Mentoring Practice ခေါင်းစဉ်ဖြင့် ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခများနှင့် ဌာနမှူးတို့က ဦးဆောင်ဆွေးနွေးပြီး သင်တန်းသားများက Group work များ ပြုလုပ်၍ Group အလိုက် Presentation များ ပြုလုပ်တင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်