နေပြည်တော် ဩဂုတ် ၃
(၂၄) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Orientation ခန်းမ၌ ကျင်းပသည်။
ပြောကြား
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက(၂၄) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီအစည်းအဝေး၌ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ အနုပညာ၊ အမွေအနှစ်ဆိုင်ရာ စီမံကိန်းအသစ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် အခွင့်အရေးကောင်းတစ်ရပ်ကို အကျိုးရှိစွာ အသုံးချပြီး အာဆီယံဒေသအတွင်း အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စီမံကိန်းများကို အထူးဦးစားပေး ဆွေးနွေးကြမည့် (၂၄) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှု ဆပ်ကော်မတီ အစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးကော်မတီဝင်များနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၂၄) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီ အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်
ပြပြီး တက်ရောက်လာကြသူများက ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်