စစ်တွေ ဇူလိုင် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိ သူများနှင့်အတူ ဇူလိုင် ၁၁ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ် ကေကျေးရွာသို့ ဆက်သွယ်ထားသော ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတံတား ပြုပြင် ပြီးစီးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးအား တံတားပြုပြင်ဆောင်ရွက်မှုအခြေအနေ များနှင့်ပတ်သက်၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တံတားရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။ အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ အဆိုပါဘေလီသံပေါင် သစ်သားကြမ်းခင်းတံတားသည် မိုခါမုန် တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတား ပြုပြင်ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအုပ်စုနှစ်အုပ်စု၊ ကျေးရွာငါးရွာရှိ အိမ်ခြေ ၉၂၆ အိမ်၊ လူဦးရေ ၄၈၂၂ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်