Skip to main content

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး သဘောထားထုတ်ပြန်ချက်

နေပြည်တော် မတ် ၂၆

KKO (ခွဲထွက်)အဖွဲ့နှင့် NUG, CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့များသည် ကရင်ပြည်နယ် မြဝတီမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပျက်ပြားစေရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်သွယ်ရေးဇုန်အဆောက်အဦနှင့် X-Ray စက်တို့ပျက်စီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူတစ်ဦး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ဖြစ်ပွားခဲ့ပါသည်။

ထိုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သောနေရာများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး