၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ရက်၊ တနင်္ဂနွေနေ့
၁။ မတ်လ(၂၅)ရက်နေ့နံနက် (၆)နာရီ(၃၀)မိနစ်ခန့်က မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့်ပစ်ခတ်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း(၁)ဦး၊ အပြစ်မဲ့ဒေသခံအရပ်သား ပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရပါသည်။
၃။ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ကုန်သွယ်ရေးဇုန်နေရာကို ပစ်ခတ်ဖျက်ဆီးခဲ့သည့်လုပ်ရပ်သည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာပြီး ပြည်သူလူထုများအတွက် အကြပ်အတည်းဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။