Skip to main content

မြန်မာမျက်မြင်စစ်ဆေးရေးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ၏ မိသားစုဝင်များဟုဆိုသူများကို တွေ့ဆုံမေးမြန်းခဲ့

နေပြည်တော် မတ် ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင်သောအဖွဲ့ဝင် ၁၇ ဦးပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့သို့ မတ် ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့သည်။

စေလွှတ်ဆောင်ရွက်ပေးခဲ့

ရှေ့ပြေးစမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံ ရန်လျာထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအနေဖြင့် မိသားစုလိုက် ပြန်လည်ဝင်ရောက်လိုကြောင်း မေတ္တာရပ်ခံလာသည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကျန်ရှိသည့် မိသားစုဝင်များကို စိစစ်နိုင်ရေးအတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့ကို ယခုကဲ့သို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

မေးမြန်းရယူ

အဆိုပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် နေရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်ဟုဆိုသူ ၄၈၀ ကျော်ကို တက္ကနာ့ဖ်မြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထပ်မံမွေးဖွားသည့် ကလေးများ၏ အချက်အလက်များကို မေးမြန်းရယူ ခဲ့ကာ မြန်မာဘက်ရှိ သက်ဆိုင်ရာကော်မတီများထံတင်ပြ၍ လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်