နေပြည်တော် မတ် ၂၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း ခါသင်္ကြန်အဆိုအက အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များအား ရိုက်ကူးရေးဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် နေပြည်တော်-တပ်ကုန်း ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်၍ “မြန်ပြည်တစ်ဝန်းအေးချမ်းစေ” တေးသီချင်းဖြင့် ရိုက်ကူးရေး ဆောင်ရွက်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်နှင့် စက်ပစ္စည်းများ၊ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တူရိယာများ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသမှုနှင့်အတူ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြသည်။
MRTV