Skip to main content

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ပြပွဲဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်​နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

ပြခန်းများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ကြီးများက ​ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ အထိမ်းအမှတ်ပြခန်းများအဖြစ် ဝန်ကြီးဌာနကိုယ်စားပြုပြခန်း ၂၅ ခန်း၊ တိုင်းဒေသကြီး/ ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်များပြခန်း ၁၅ ခန်း နှင့် MSME ပြခန်း ၃၈၂ ခန်းပြသထားသည်။

အဆိုပါပြခန်းများကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ပြသပေးမည်ဖြစ်သည်။ ညပိုင်းတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများနှင့်အတူ အဆိုတော်များ၏ စတေ့ချ်ရှိုးကိုလည်း ပါဝင်ဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။