Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဆီးရီးယားနိုင်ငံသမ္မတထံသို့ စာနာထောက်ထားကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော် ဖေဖော်ဝါရီ ၉

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ဆီးရီးယားပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဆီးရီးယားနိုင်ငံသမ္မတ ဒေါက်တာဘာရှားအယ်-အာဆတ်ထံသို့ စာနာထောက်ထားကြောင်းသဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်​နေ့တွင် ပေးပို့ခဲ့သည်။