နေပြည်တော် ဖေဖော်ဝါရီ ၉
အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်ယုသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ အဘူဒါဘီမြို့ ရှိ Qasr Al-Watan နန်းတော်၌ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက်ဘင်ရာရှစ်အယ်လ်မတ်တွန်း ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်