Skip to main content

SARS-CoV-2 Variant Omicron မျိုးရိုးဗီဇပြောင်းရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၈-၂-၂၀၂၃)ရက်နေ့

၁။ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသော ဓာတ်ခွဲအတည်ပြုလူနာများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာ (၁၇)ခုအား ဆေးသုတေသနဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇစစ်ဆေးခြင်းကို အဆင့်ဆင့်ဆောင် ရွက်ခဲ့ရာ (၆--၂၀၂၃)ရက်နေ့တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 နှင့် ၄င်း၏ မျိုးကွဲများ ကို ဓာတ်ခွဲနမူနာ ()ခုတွင်လည်းကောင်း၊ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.2 နှင့် ၄င်း၏မျိုး ကွဲများကို ဓာတ်ခွဲနမူနာ (၈)ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။ BA.2 တွေ့ရှိသော ဓာတ်ခွဲနမူ နာများတွင် BA.2 ၏မျိုးကွဲ XBB.1 တွေ့ရှိသော ဓာတ်ခွဲနမူနာ(၂)ခု ပါဝင်ပါသည်။

၃။အဆိုပါ အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 တွေ့ရှိရသူ (၉)ဦးနှင့် BA.2 တွေ့ရှိရသူ (၅)ဦး (၎င်း၏မျိုးကွဲ XBB.1 တွေ့ရှိသူ (၂)ဦးအပါအဝင်) တို့သည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသူများဖြစ်ပြီး ကျန် BA.2 ရောဂါပိုးတွေ့ရှိရသူ ()ဦးတို့သည် ပြည်တွင်း ကူးစက်မှုများမှတွေ့ရှိရခြင်း ဖြစ်ပါသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့ စဉ်ကပင် သတ်မှတ်ရက်အတိုင်း စနစ်တကျသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအ နေများမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။

၅။သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသခြင်းလုပ် ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းအား မပျက်မကွက် ခံယူကြပါရန် သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန