နေပြည်တော် ဇန်နဝါရီ ၁၀
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ရတနာပုံတောရကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ရွှေဟင်္သာတောရ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကျော်အောင်စံထားကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဇေယျာမြိုင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိဒဂုံပရိယတ္တိစာသင်တိုက်နှင့် သာကေတမြို့နယ်ရှိ သာသနာဟိတပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ သီရိနော်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ အောင်မြေရတနာပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ရှမ်းစုဆီးဘန်နီကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဥဿာကျောင်းတိုက်၊ ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ရှိ သာသနာ့ရံသီပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ရှိ ဓမ္မသိပ္ပံပရိယတ္တိစာသင်တိုက်နှင့် ရှမ်းပြည်နယ်လားရှိုးမြို့နယ်ရှိ ပန်အုပ်ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက်တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်