Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံခန့်ခွဲရေးကော်မတီညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များအလိုက် ပြီးခဲ့သည့်ကာလအကောင်အထည်ဖော်ရန် လျာထားလုပ်ငန်းစီမံကိန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များအလိုက်၊ သတ်မှတ်ကာလအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ လာမည့်ကာလတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လျာထားလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့်၂၀၂၃ ခုနှစ်တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ မှာကြားပြန်လည်သုံးသပ်ခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်