Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အဆွေတော်၏ နှစ်လိုဖွယ် နိုင်ငံတော်ကြီး ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

နှစ်နိုင်ငံ ပြည်သူများအကျိုးစီးပွားအတွက် ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေး အတူတကွ လက်တွဲဆောင်ရွက်သွားရန် မိမိတို့၏ စိတ်ဆန္ဒရှိမှုအား ထပ်လောင်းအတည်ပြု ပြောကြားလိုပါသည်။