နေပြည်တော် ဒီဇင်ဘာ ၂၈
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အစိုးရနည်း ပညာကောလိပ်(တောင်ဒဂုံ)၊ (ကျောက်ဖြူ)နှင့် (မန္တလေး) ဖွင့်ပွဲအခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ တစ်ပြိုင်နက်တည်း ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာ ကောလိပ် (ကျောက်ဖြူ) ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရနည်းပညာ ကောလိပ်(မန္တလေး)ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ပေးကြပြီး အမှာစကားများ ပြောကြားကြ သည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) အတွင်းရှိ လက်တွေ့ ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းများ၊ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) နှင့် အစိုးရနည်း ပညာကောလိပ်(မန္တလေး) တို့ကို ဖွင့်လှစ်ခြင်းသည် နိုင်ငံတော် တည် ဆောက်ရေး လုပ်ငန်းများ အတွက် လိုအပ်သည့် နည်းပညာရှင် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ကျောင်းများနှင့် သင်တန်း များတိုးချဲ့ဖွင့်လှစ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှထူးချွန် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများပိုမိုရရှိစေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို လေ့လာသင်ယူ ခွင့်ရရှိစေရန် နည်းပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်အောင်မြင် သူများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သူများ တက်ရောက်ခွင့် ရရှိကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)