Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Solar စွမ်းအင်နှင့် အသေးစားရေအားလျှပ်စစ်ဆိုင်ရာတို့ကို မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်