Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ဂျပန်-မြန်မာယဉ်ကျေးမှု မြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr.Fumio USUI နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်