Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများ ညောင်လေးပင်ခရိုင်ဥပဒေရုံးနှင့် တောင်ငူခရိုင်ဥပဒေရုံးများကို ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

ပဲခူး အောက်တိုဘာ ၂

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် အောက်တိုဘာ ၂ ရက်က ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ညောင်လေးပင် ခရိုင်ဥပဒေရုံးနှင့် တောင်ငူခရိုင် ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပဲခူးတိုင်းဒေသကြီးဥပဒေအရာရှိ၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများကိုတွေ့ဆုံပြီး စည်းလုံးညီညွတ်စွာ နေထိုင်ရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ရုံးစာရွက်စာတမ်းများ လုံခြုံရေး အထူးဂရုပြုရန်၊ ရုံးဝန်ထမ်းများ အခက်အခဲများကို ပွင့်လင်းစွာတင်ပြရန်ပြောကြားပြီး ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်