Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း

နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအနက် မိမိတို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုက်ရိုက်ဆက်နွယ်ပတ်သက်သည့် အချက်အလက်များပါရှိသကဲ့သို့ ဆက်စပ်ဌာနများဖြင့် ပူးပေါင်းဆက်စပ်ဆောင်ရွက်ရမည့် အချက်များလည်းပါရှိပါကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၌ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်လာစေရန် လိုအပ်ပါကြောင်း၊ ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဦးစီးဌာနများနှင့် တက္ကသိုလ်များက () လပတ်ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့မှုနှင့် လာမည့် () လပတ်ကာလအတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)