Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု လူထုအသိပညာပေးမှုများ လာမည့်နိုဝင်ဘာ (၂၅) ရက်မှ ဒီဇင်ဘာ (၁၀) ရက်အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစီမံချက်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီနှင့် ရခိုင်ပြည်နယ် စီမံချက်ကျေးရွာများတွင်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Helpline ဝန်ဆောင်မှုရယူသူများ ဖုန်းခေါ်ဆိုရာမှာ   အထူးချိတ်ဆက်ဖုန်းနံပါတ် ဂဏန်း()လုံး (4-digits) ရရှိရေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက်ထားပြီး မကြာမီမှာ ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

အမျိုးသမီးကော်မတီအနေဖြင့်  မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် လိုအပ်သည့်မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်ခြင်းနှင့် ဥပဒေများပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း အမျိုးသမီးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို အဓိကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေးကို တစ်နှစ်လျှင် ()ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်း၊ လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများ ဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) သည် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် NSPAW Phase I ကို ပြန်လည်သုံးသပ်ချက်များ ပြုလုပ်ထားရှိပါကြောင်း။ သုံးသပ်ချက်အရ အားသာချက်/ အားနည်းချက်များပေါ်မူတည်ကာ NSPAW Phase II ကို ရေးဆွဲရေး ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နေပြည်တော်အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများ၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)