Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၂

အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးအပိုင်းတွင်ပါဝင်သည့် အတ္ထရံတံတား  A1 Side  နှင့် A2 Sideတို့တွင်  တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေပြီး ဂျိုင်း (ဇာသပြင်) တံတား၌ Bored Pile လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းခွင်များ၌  မျိုးဆက်သစ်အင်ဂျင်နီယာများအား တံတားတည်ဆောက်ရေး နည်းပညာများ မျှဝေသင်တန်းပေးလျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၁ ရက်က အတ္ထရံတံတား၊ ဂျိုင်း (ဇာသပြင်) တံတား ဂျိုင်း (ကော့ကရိတ်) တံတားနှင့် ကရင်ပြည်နယ်အတွင်းရှိ လမ်း တံတားများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ  အတ္ထရံတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်၌  ပြည်ထောင်စုဝန်ကြီးက မျိုးဆက်သစ်အင်ဂျင်နီယာများကို ယခုလမ်းအပိုင်းရှိ တံတားကြီး () စင်း   ရန်ကုန်ရှိ ပဲခူးမြစ်ကူးတံတားအမှတ်() နှင့် ဒလ တံတား တည်ဆောက်ရေးလုပ်ငန်းများတွင် နည်းပညာ အတွေ့အကြုံရရှိစေရန် အုပ်စု() စုခွဲ၍ စေလွှတ်ထားကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရန် လုပ်ငန်းစီမံချက်အတိုင်း တိကျစွာဆောင်ရွက်ရန်နှင့်  သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက် ရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဂျိုင်း (ဇာသပြင်) တံတားဟောင်း ကြံ့ခိုင်မှု၊ တံတားသစ်၏ Bored Pile လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အိန္ဒု - ကော့ကရိတ်လမ်းအဆင့် မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ ဂျိုင်း(ကော့ကရိတ်)တံတား တံတားချဉ်းကပ် လမ်းများ ဆောင်ရွက်နေမှု နည်းပညာသစ် ထည့်သွင်းအသုံးပြုထားသည့် ပင်မတံတား ကြမ်းခင်းအစိတ်အပိုင်းများနှင့် ကြိုးဆိုင်းများ ချိတ်ဆက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အတူ ဘားအံမြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ ပေးနိုင်ရန် ဘားအံမြို့ရှောင်လမ်းဖောက်လုပ်နေမှု ဘားအံ - အဖြောင့် - မော်လမြိုင်လမ်း သံလွင်တံတား (ဘားအံ) နှင့်ချိတ်ဆက်မည့် မြို့ရှောင်လမ်းဆုံနေရာတွင် အဝိုင်းပတ်တည် ဆောက်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ပြည်နယ် / ခရိုင် / မြို့နယ်ရှိ အဆောက်အဦ လမ်း တံတား မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အထူးအဖွဲ့များမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး  မိမိပြည်နယ် ခရိုင် မြို့နယ်အတွင်းရှိ လုပ်ငန်းများတိုးတက် အောင်မြင်ရေးအတွက် စေတနာထား ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံလွင်တံတား (ဘားအံ) ကြံ့ခိုင်မှုနှင့် ဘားအံ - သထုံ လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)