နေပြည်တော် ဩဂုတ် ၁၈
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)