ရန်ကုန် ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၇ နာရီခွဲတွင် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၂၀၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပသည်။
ချီးမြှင့်
အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ် (၄၃၉) ဦးသော်ဇင်ထွန်း အကြီးတန်းစာရေး ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား လည်းကောင်း၊ သင်တန်းသူ စံပြဆုကို သင်တန်းသူအမှတ် (၃၃၆) ဒေါ်ခြူးရွှေရည်ဟန် အငယ်တန်းစာရေး မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့အား လည်းကောင်း ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ချီးမြှင့်ကြသည်။
ရက်သတ္တ ၁၀ ပတ်ကြာမြင့်
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ ဌာနမှူးများ၊ ကထိကများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှူးများ၊ နည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ မိဘဆွေမျိုးများနှင့် သင်တန်းသား ၂၃၂ ဦး၊ သင်တန်းသူ ၃၇၂ ဦး စုစုပေါင်း ၆၀၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၅ ရက်မှ ဇူလိုင် ၁ ရက်အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်