Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

နေပြည်တော် ဇွန် ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ်(၅၅)၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက မဟော်ဂနီပင်ကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က စိန်ပန်းပင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများက ကျွန်းပင်၊ မဟော်ဂနီပင်၊ စိန်ပန်းပင်၊ စွယ်တော်ပင်များကို သတ်မှတ်ဧရိယာများအလိုက် စိုက်ပျိုးကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေသည့် အရာထမ်း/အမှုထမ်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ယနေ့ကျင်းပသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း၊ မဟော်ဂနီ၊ စိန်ပန်း၊ စွယ်တော်ပင် စုစုပေါင်းအပင် ၃၅၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်