ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုနှုန်း လျော့ကျလာသည့် -လက္ခဏာများကိုတွေ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင် -ရောဂါကူးစက်မှုများပြားသည့် မြို့နယ်များတွင် အသွားအလာ -ကန့်သတ်မှုနှင့် နေအိမ်တွင်သာ နေထိုင်သည့် အစီအစဉ်ကို ချမှတ်ခြင်း၏ အကျိုးဆက်ဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ခုခံအားလျော့နည်းကျဆင်းသည့် ရောဂါကဲ့သို့ပင် လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းများအကြားကာလရှည်ကြာစွာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက ယူဆထားကြရာ မိကိုယ်ကို ရောဂါကူး စက်မှုမခံရစေရေးအတွက်သတိထား၍ ကာကွယ်ကြရတော့မည်ဖြစ်သည်။ နေမှုထိုင်မှုသွားမှု လာမှုလှုပ်ရှားမှုအားလုံတွင် မမြင်မတွေ့နိုင်သော်လည်း အန္တရာယ်ကြီးမားလှသည့် ကိုဗင် ရောဂါပိုးကို သတိကြီးကြီးထားကာ ရှောင်ရှားကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏ တတိယလှိုင်းသည် ရောဂါပိုး၏ ဗီဇပြောင်းလဲသွားခြင်းကြောင့် ပိုမိုပြင်းထန်သွားပြီး ပို၍အန္တရာယ်ကြီး လာကြောင်း သတိပေးပညာပေးမှုများကို မြို့ရွာဒေသ တိုင်းတွင် ပြုလုပ်လျက်ရှိသည်။ သို့ရာတွင် ရောဂါ၏အန္တရာယ်ကြီးမားပြင်းထန်မှုကို ကိုယ်တွေ့ မျက်မြင် မဟုတ်သေးသူတို့အနက်မှ ပေါ့ဆစွာ သတိကင်းမဲ့စွာ နေထိုင်သွားလာနေမှုများ လက်ရှိ အခြေအနေအထိ တွေ့မြင်နေရဆဲဖြစ်သည်။ အလုပ်သမား ကြိုပို့ကားများပေါ်တွင် အစုလိုက် အပြုံလိုက် စီးနင်းလိုက်ပါနေကြသူများအနက် အများစုက ပါးစပ်နှာခေါင်းစည်း တပ်ဆင်မထား သည့် မြင်ကွင်း၊ လုပ်ငန်းခွ ထမင်းစားချိန်များတွင် ဝိုင်းဖွဲ့ စားသောက်နေကြသည့် မြင်ကွင်း ပါးစပ်နှာခေါင်းစည်းကို မေးတွင်ချိတ်၍လည်းကောင်း၊ လုံးဝမဝက်ဆင်ဘဲလည်းကောင်း ဈေးရောင်းချနေကြသည့်မြင်ကွင်းကို နေ့စဉ်ပင် တွေ့မြင်နေရဆဲဖြစ်သည်။
ကိုဗစ်-၁၉ တတိယလှိုင်းတွင် မျိုးဗီဇပြောင်း ဒယ်လ်တာ ဗိုင်းရပ်စ်ပိုးကြောင့် လူတစ်ဦးနှင့် တစ်ဦး ကူးစက်မှုမှာ ရောဂါပိုး ရှိနေသူတစ်ဦးမှ နောက်ထပ်နှစ်ဦးမှသည် ငါးဦးခန့်ထိ ကူးစက် နိုင်သည့်အတွက် အချိန်တိုတိုအတွင်း လူအမြောက်အမြားကို ကူးစက်ပြန့်ပွားနိုင်သည်။ ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာသည့် အခြေအနေတွင် မိမိအိမ်တွင် နေထိုင်သည့်အစီအစဉ် ချမှတ်ခြင်း အများပြည်သူ ရုံးပိတ်ရက်ရှည်များ သတ်မှတ်ခြင်း၊ ဈေးများဖွင့်လှစ် ရောင်းချမှု ကန့်သတ်ရခြင်းတို့ ကဲ့သို့သော ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆောင်ရွက်ချက် များသည် မဖြစ်မနေပြုလုပ်ရခြင်းဖြစ်သည့်တိုင် အမြဲတမ်းမကြာခဏဆောင် ရွက်နေရပါက ပြည်သူများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းမှုများ လွန်စွာထိခိုက်ရသည် ကိုလည်း သတိပြုကြရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ကကိယလှိုင်းတွင် ရောဂါကူးစက်မှုသည် လူဦးရေ ထူထပ်သည့်မြို့ကြီးများ တွင်သာမက မြို့ငယ်များနှင့် ကျေးလက်ဒေသများအထိ ရောက်ရှိလာပြီဖြစ်သည်။ ဒေသနေသူ များက ယခုနေမြဲအတိုင်း အမှတ်မထင်ဂရုမပြုနေထိုင်ခြင်းဖြင့် အချိန်မရွေး ကူးစက်ခံရပြီး အန္တရာယ်ဇုန်ထဲသို့ ကျရောက်သွားမည်ဖြစ်ရာ အသက်ကို အသိဉာဏ်ဖြင့် စောင့်ရှောက်ကြရန် နှင့် ဒေသဆိုင်ရာတာဝန်ရှိသူများကလည်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် မဖြစ်မနေ လိုက်နာကျင့်သုံးကြစေရေး လှုံ့ဆော်တိုက်တွန်းမှုကို ဆတက်တိုး၍ပြုကြရန် တိုက်တွန်းနှိုး ဆော်အပ်ပါကြောင်း။
မြန်မာ့အလင်း အယ်ဒီတာအာဘော်