နေပြည်တော် ဩဂုတ် ၁
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် စုရပ်နေရာများ ခွဲ၍ ဉီးတည်အုပ်စုများနှင့် ဉီးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထား သည့် မြို့နယ်များအလိုက် စုရပ်နေရာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်း များနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ(၆၇၀)ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ(၄၄၂)ဦးကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်း၌ လူဉီးရေ (၄၀၀)ခန့် ကိုလည်း ကောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ လူဉီးရေ (၄၀၀) ခန့်ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းအခြေခံပညာအထက်တန်း ကျောင်း၌ လူဉီးရေ (၄၀၀)ခန့်ကို လည်းကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဉီးရေ (၈၀၀)ခန့်ကိုလည်းကောင်း၊ ဇမ္မူသီရိ မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ လူဉီးရေ (၆၀၄) ဦးကိုလည်း ကောင်း၊ ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ လူဉီးရေ (၃၅၀) ခန့်ကို လည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးကြသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း များက ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ဆေးထိုးနှံပြီးသူများကိုလည်း ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက နားနေခန်းများသို့ နာရီဝက် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာပါကလည်း လိုအပ်သည်များ ကုသပေးနိုင်ရန် အဆင်သင့်ဆောင်ရွက် ပေးခြင်း၊ အနားယူပြီးချိန်တွင်လည်း စနစ်တကျ ပြန်နိုင်စေရန်အထွက် လမ်းများကို ဆောင်ရွက်ပေးထားခြင်းနှင့် ဆေးလာရောက်ထိုးနှံသူများ ကျန်းမာရေးအတွက်သာမက လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ထားကြောင်း သိရှိရ သည်။
ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ဆေးထိုးနှံမည့်ပြည်သူလူထု သိရှိထားရမည့် အချက်အလက်များကို ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများ မြင်သာသည့် နေရာများ တွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရှိရသည်။
ကာကွယ်ဆေးထိုးနှံခြင်း ကာလကို မိမိတို့မြို့နယ်အလိုက် ကောက်ခံထားသည့် လူဉီးရေစာရင်းများနှင့် ရရှိသည့် ဆေးခွဲတမ်းများအရ သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် (၁) ရက်မှ (၄) ရက်အထိ လျာထားသတ် မှတ်ထားပြီး ဉီးတည်အု့ပ်စုများနှင့် ဉီးစားပေး အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းကို မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်း- ဟန်ရဲမင်းလော
ဓာတ်ပုံ - ကျော်ထိန်