နေပြည်တော် ဇွန် ၂၄
Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ၊ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က COVID-19 ရောဂါကူးစက်မှုများသည် မေလတတိယပတ်မှ စတင်၍ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တတိယလှိုင်းအသွင် စတင်ဖြစ်ပေါ်လာ ကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ဆိုင်ရာစည်းကမ်း ချက်များကို စနစ်တကျ လိုက်နာနိုင်ရန် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းထားရှိသော Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်သည် နိုင်ငံသားအားလုံး စုပေါင်း ဆောင်ရွက်ရမည့် အမျိုးသားရေး လုပ်ငန်းတာဝန် ဖြစ်ကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက် မည်ဆိုပါက အရေးပေါ်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ကုသမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် Coronavirus Disease 2019(COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက် နေမှု၊ COVID–19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ နေရပ်ပြန်များအား Quarantine ထားရှိဆောင်ရွက်နေမှု၊ နိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိမှုအခြေအနေ၊ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့သူ (Contact Person)များစာရင်း စုံစမ်းဖော်ထုတ် ချိတ်ဆက်ဆောင်ရွက်မှု၊ ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအပေါ် မလိုက်နာသူများအား အရေးယူ ဆောင်ရွက်မှု၊ ကျောင်းဖွင့်ရာသီနှင့် COVID-19 ရောဂါ တတိယလှိုင်းအသွင် ဖြစ်ပေါ်လာမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းတင်က Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ကြေညာခြင်း၊ ဆက်လက် ဆောင်ရွက် လိုသည့် အသွားအလာ ကန့်သတ်ခြင်းအစီအစဉ်၊ ဒေသအလိုက် စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဓာတ်ခွဲစစ်ဆးခြင်း လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မှုများ၊ လူနာများအား ကုသမှုပေးလျက်ရှိသည့် အစီအစဉ်၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် နှီးနွယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကျောင်းများတွင် အထူးဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲရေးချုပ်၊ ရဲမှူးချုပ်ဝင်းထွန်းက လေကြောင်းမှ ဝင်ရောက်လာမှုများနှင့် ရောဂါပိုးတွေ့ရှိမှု အခြေအနေ၊ နယ်စပ်ဒေသ ဝင်ထွက်ပေါက်များတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ အသွားအလာ ကန့်သတ်ထိန်းချုပ်မှု၊ ရောဂါပိုး တွေ့ရှိမှုအပေါ် ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ အသွားအလာ ကန့်သတ်ထားရှိမှု အခြေအနေ၊ COVID–19 ရောဂါ တားဆီးကာကွယ်မှု၊ ထိန်းချုပ်မှုနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဒုတိယ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)