ဘဝရဲ့ နေ့ရက်အတော်များများကို စာပေလောကအတွင်းမှာမြှုပ်နှံရင်း တိုင်းပြည်နဲ့ ပြည်သူ အတွက် အမျိုး၊ ဘာသာ၊ သာသနာအတွက်၊ ယဉ်ကျေးမှုနှင့် အသိပညအတွက် ပါရမီဖြည့်ကြ သူများ စွာရှိပါတယ်။ “စာပေမြင့်မှ လူမျိုးမြင့်မည်” “အလိမ္မာစာမှာရှိ” ဟူ၍ ဆိုရိုး စကားနဲ့ တင်စားလေ့ရှိပါသည်။ စာလေးတစ်ကြောင်း၊ ဝါကျတို တစ်ခုကပင် လူသားတို့ရဲ့ ဘဝနဲ့ အတွေးအမြင်ကို ပြောင်းလဲသွား စေတတ်၊ အသိဉာဏ်ပွင့်သွားတတ်ပါတယ်။ နိုင်ငံတကာမှာလည်း ထင်ရှားတဲ့ စာဆိုတော်ကြီးများရဲ့ အဆိုအမိန့်တွေကို လူသားတွေက လိုက်နာဆင်ခြင် နှလုံးသွင်း ကြလေ့ရှိပြီး နှစ်ပေါင်းကြာရှည်သည်အထိ အဆိုအမိန့်တွေရဲ့ လွှမ်းမိုးမှုအတိုင်း နေထိုင်ကျင့်ကြံ လေ့ရှိကြပါတယ်။ ကလောင်သွားက ဓားသွားထက်ပို၍ထက်တယ်လို့ ဆိုကြပါတယ်။ မိမိတို့ နေ့စဉ် လှုပ်ရှား ရုန်းကန်နေရမှုတို့တွင် စာပေကို ဖတ်ရှုလေ့လာ သူ၊ မှတ်သားကျင့်ကြံသူ အများစုဟာ စာမဖတ် သူများထက် အသိ ဉာဏ်ပညာ ပိုမိုပြည့်စုံတတ်ကြပါတယ်။ ဆင်ခြင်တုံတရား၊ ကျိုးကြောင်း ဆက်စပ်တွေးခေါ်နိုင်တဲ့ အသိပညာတွေကိုလည်း စာအုပ်၊ စာပေတွေကနေတစ်ဆင့် ရရှိနိုင် ပါတယ်။ အဲဒီလို စာပေတွေဆိုတာ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများရဲ့ ကျေးဇူးတရား ကြောင့်သာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုမြင့်မားတဲ့ လူသားဘဝ၊ အဓိပ္ပာယ်ရှိတဲ့ လူသားဘဝကို ပိုင်ဆိုင်ကြဖို့အတွက် မိမိတို့ဟာ နှလုံးသား အာဟာရ ဖြစ်တဲ့ အကျိုးရှိစေမယ့်စာကောင်း ပေမွန်တွေကို မပြတ်ဖတ်ရှုလေ့လာ ကြရမှာပဲဖြစ်ပါတယ်။ စာပေကဏ္ဍကို မြှင့်တင်ပေးလေ့ရှိ အဲဒီလိုပြည်သူတွေကို မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့၊ အကျင့်စာရိတ္တပြုပြင်ပေးဖို့နဲ့ အတွေးအခေါ် တိုးတက်လာစေဖို့၊ နည်းလမ်းမှန်ကန်ပြီး ဗဟုသုတ တိုးပွားစေဖို့ စတဲ့ရည်ရွယ်ချက်တွေကို ရင်မှာပိုက်ပြီး စာရေးဆရာ၊ ဆရာမကြီး တွေဟာ စာပေကဏ္ဍကို မြှင့်တင်ပေးလေ့ရှိကြပါတယ်။ ထိုသို့သော လေးစားသင့်လေးစားထိုက်တဲ့ စာရေးဆရာ၊ ဆရာမ ကြီးများကို နိုင်ငံတော်ကရော ပြည်သူများကပါ ချစ်ခင်ကြပြီး သူတို့ရဲ့ စာပေတွေကိုလည်း တန်ဖိုးထားတဲ့ အစဉ်အလာ ရှိပါတယ်။ ပြည်သူ့ အတွက် အကျိုးပြုစာပေတွေကို ရေးသားတဲ့စာရေးဆရာကြီးတွေကို နှစ်စဉ်ရွေးချယ်ပြီး အမျိုးသားစာပေဆုတွေကို ချီးမြှင့်သလို ဘဝ တစ်သက်တာ စာရေးခြင်းနဲ့ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်း တွေကို အလေးထားဆောင်ရွက်ခဲ့တဲ့၊လေးစားထိုက်တဲ့ စာပေလက်ရာ အများအပြားကို ရေးသားပြုစုခဲ့သူ စာရေးဆရာ၊ စာပေပညာရှင်တွေ ကို စိစစ်ရွေးချယ်ပြီး အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်ကနေ စတင်ချီးမြှင့် ပေးခဲ့ရာမှာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခု ရှိခဲ့ပြီဖြစ်ပါတယ်။ ဆယ်စုနှစ်အတွင်းမှာ အမျိုးသားစာပေတစ်သက်တာဆုရရှိခဲ့တဲ့ ဆရာ၊ ဆရာမကြီးပေါင်း ၃၁ ဦးရှိခဲ့ပါတယ်။ ထိုအထဲမှာမှ ကွယ် လွန်သွားခဲ့သူ ၁၁ ဦးရှိပြီး သက်ရှိထင်ရှားရှိသူကတော့ ၂၀ ဖြစ်ပါတယ်။ ဆရာကြီး၊ ဆရာမကြီးတွေ ဘာကြောင့် အမျိုးသားစာပေ တစ်သက်တာ ဆုကိုရရှိခဲ့သလဲ၊ သူတို့ဘဝဖြတ်သန်းမှုမှာ ပြည်သူ အတွက် ဘယ်လိုအကြောင်းအရာတွေကို ကလောင်စွမ်းနဲ့တာဝန် ကျေခဲ့သလဲဆိုတာကို လက်လှမ်းမီသမျှ စုစည်းတင်ပြလိုက်ရပါတယ်။ အမျိုးသားစာပေတစ်သက်တာဆုဟု ဆိုလိုက်လျှင် ဆရာကြီး ပါရဂူက ပထမဆုံးရရှိခဲ့သည့် စာပေပညာရှင်ကြီးဖြစ်ပြီး သူ့ကို ချန်လှပ်ထား၍ မဖြစ်၊ ဤဆုပေါ်ပေါက်လာပုံကပင် ဆရာကြီး ပါရဂူနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်လျက်ရှိတယ်လို့ မှတ်သားရပါတယ်။ အဲဒီအကြောင်းကို ဆရာမောင်ဆွေငယ် (ဆရာဦးမောင်လှိုင်) က အမျိုးသားတစ်သက်တာစာပေဆု၏ အတိတ်ခြေရာဆိုတဲ့ စံတော်ချိန် သတင်းစာပါ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အရှေ့တောင် အာရှစာပေဆု ၁၉၉၇ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံက အရှေ့တောင် အာရှစာပေဆုအခမ်းအနားကို ၁၉၉၈ ခုနှစ်မှာ ပထမဆုံး အကြိမ် စတင်တက်ရောက်ခွင့်ရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ် တဲ့မြန်မာနိုင်ငံက စာရေးရာတွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပြီး နှစ်အလိုက် ရွေးချယ်စေလွှတ်ဆုချီးမြှင့်ခံရသူ ဆရာကြီး၊ ဆရာမကြီး တွေကတော့ ဆရာကြီးဆင်ဖြူကျွန်းအောင်သိန်း(ဦးကြည်အေး)၊ ဆရာကျော်အောင် (ဦးကျော်အောင်)၊ ဆရာမကြီး စောမုံညှင်း (ဒေါ်ရင် ရင်)၊ ဆရာတက္ကသိုလ် ထင်ကြီး (ဦးတင်မောင်)တို့ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်အတွက် အရှေ့တောင်အာရှစာပေဆုကို လက်ခံရယူဖို့ ရွေးချယ်ခံရသူကတော့ ဆရာကြီး ပါရဂူပဲဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆရာပါရဂူ ဆုလက်ခံရယူမယ့် အစီအစဉ် က အားလုံးစီစဉ်ပြီးကာမှ ပျက်သွားပါတော့တယ်။ သို့သော် ဆရာကြီး ကတော့ ထူးထူးခြားခြား ခံစားမှုလည်းရှိပုံမရဘဲ “မသွားနဲ့ဆိုလည်း မသွားရုံဘဲ ရှိတာပေါ့"ဆိုပြီး ဆောင်းပါးရှင်မောင်ဆွေငယ် (ဆရာ ဦးမောင်လှိုင်) ကို ပြောပါသတဲ့။ ဆရာကြီး ဆုလက်ခံရမှုမရှိတာကို စိတ်မကောင်းဖြစ်ရှာသူတစ်ဦးရှိပါတယ်။ အဲဒါကတော့ အဲဒီအချိန်က ပြန်ကြားရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့သူ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်ဖြစ်ပါ တယ်။ ဆရာ ပါရဂူကို လေးစားချစ်ခင်ပြီး ဆရာကြီးစာအုပ်များစွာကို ဖတ်ရှုထားသူဝန်ကြီးက နိုင်ငံတော်ရဲ့ မူအရ အရှေ့တောင်အာရှစာပေဆုကို သွားရောက် မယူဖြစ်ခဲ့သော်လည်း အလားတူ စာပေဆုမျိုး၊ သူ့ထက်ပင် ထူးကဲတဲ့စာပေဆုမျိုးကို မြန်မာ နိုင်ငံမှာ ပေးအပ်နိုင်ဖို့အတွက် အကောင်အထည်ဖော်ကြိုးပမ်းခဲ့ပါ တော့တယ်။ ထိုစဉ်က ပခုက္ကူဦးအုန်းဖေစာပေဆုပေါ်ပေါက်နေပြီး အဲဒီစာပေ ဆုမှာ တစ်သက်တာစာပေဆုကို ချီးမြှင့်တာကိုသတိပြုမိတဲ့ ဆရာ မောင်ဆုရှင်နဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဆရာကြီးဦးသော်ကောင်း (စည်သူဒေါက်တာ သော်ကောင်း)၊ ဆရာကြီးဒေါက်တာကျော်စိန် (ပညာရေးဝန်ကြီးဟောင်း)နဲ့ ဦးတင်ခ (တက္ကသိုလ်တင်ခ)တို့နဲ့အတူ အခြားပညာရှင် အချို့စုစည်းပြီး အမျိုးသား စာပေဆုထက် ပိုမြင့်တဲ့ အမျိုးသား စာပေတစ်သက်တာဆုကို တီထွင်ရန် တိုင်ပင်ခဲ့ကြကာ ခွင့်ပြုပေးအပ် နိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြည်အောင်က ကြိုးပမ်း ပေးခဲ့တာဖြစ်တယ်လို့ အမျိုးသားစာပေတစ်သက်တာဆု ပေါ်ပေါက် လာဖို့အရေးမှာ ကိုယ်တိုင်ကိုယ်ကျ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပံ့ပိုးပေးခဲ့ရသူ တစ်ဦး ဖြစ်တဲ့ ဆရာမောင်ဆွေငယ်က သူ့ဆောင်း ပါးအတွင်းမှာ ဖော်ပြထားပါတယ်။ ဆိုရရင် ထိုကာလမှာ ၂၀၀၂ ခုနှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ စာပေဆုပြက္ခဒိန်အရ ၂၀၀၁ ခုနှစ်အတွက်ဟူ၍ ( ဆရာပါရဂူ(စည်သူ ဦးလှကြိုင်)ကိုအမျိုးသားစာပေတစ်သက်တာဆုကို ပထမဆုံးအကြိမ် အဖြစ် ချီးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်က ချီးမြှင့် ငွေအဖြစ် ဆရာကြီးကို ငွေကျပ်လေးသိန်းဆုချီးမြှင့်ခဲ့ပါတယ်။ ပထမဆုံးသော အမျိုးသားစာပေ တစ်သက်တာဆုရရှိခဲ့သူ စည်သူဦးလှကြိုင် (ဆရာပါရဂူ) ဆရာပါရဂူရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထုတ်ရလျှင် ၁၉၂၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဟင်္သာတခရိုင်သသနာ့ရွာဇာတိ ဖြစ်ပြီး ၁၂ နှစ်သားအရွယ်မှာ ရှင်သာမဏေပြုခဲ့ပါတယ်။ ၁၄ နှစ်သား မှာတော့ ဟင်္သာတမြို့ မြစ်ကွေးကျောင်းတိုက်မှာ ပညာသင်ကြားခဲ့သူ ပါ။ သာမဏေဘွဲ့ ရှင်ပုဏ္ဍရိကဘွဲ့ကနေ ရှင်ပါရဂူဘွဲ့အဖြစ် အမည်ပြောင်းခဲ့ပြီး အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ်တို့မှာ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို အောင်မြင်ခဲ့ သူလည်းဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ မျိုးညွန့်နွယ်အမည်နဲ့ တိုးတက်ရေးမဂ္ဂဇင်း သာမဏေ ရှင်ပါရဂူအမည်နဲ့ ဒဂုန်မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ စတင်ရေးသား ခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ် ရန်ကုန်မြို့မှာကျင်းပတဲ့ အစိုးရဓမ္မာစရိယ စာမေးပွဲမှာ ဂုဏ်ထူးသုံးကျမ်းနဲ့ အောင်မြင်ခဲ့ သူလည်းဖြစ်ပြီး အဲဒီ အချိန်မှာ ဆရာကြီးက တိုးတက်ရေးမဂ္ဂဇင်းမှာ ဘုန်းကြီးကျောင်းသား ဆိုတဲ့ကလောင်အမည်နဲ့ ဝိပေါက်ဝတ္ထုနဲ့ ရင်သွေးဝတ္ထု တွေကိုရေးသား ခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာတော့ မြစ်ကွေ့ကျောင်းတိုက် စတုတ္ထဆရာတော် ဦးပညာဝံသကိုဥပဇ္ဈာယ် ဆရာအရာထားပြီးဥပသမ္ပဒါကံဆောင်ရဟန်း အဖြစ်သို့ ရောက်ရှိခဲ့တာပါ။ ၁၉၄၄ ခုနှစ်မှာတော့ သန်လျင်မြို့ ဂျပန် စာသင်ကျောင်း (စိန်ဂျောဂျက်)မှာ ဂျပန်စာကို သင်ယူခဲ့ပြီး မြန်မာ နိုင်ငံမှာ ဂျပန်စာသင်ကျောင်းတွေအားလုံးအတွက် ထုတ်ဝေတဲ့ ဂျပန် စာစောင်မှာ ဂျပန်ဘာသာ ဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ။ အိန္ဒိယသူဌေးကြီး ဗီရလာရဲ့ အရိဓမ္မပညာတော်သင်ဆုကို ၁၉၄၇ ခုနှစ်မှာ ဆရာပါရဂူ လက်ခံရရှိခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့မှာရှိတဲ့ ဗာရာဏသီဟိန္ဒူ တက္ကသိုလ်၊ အိုရီယမ်တယ်ကောလိပ်တို့မှာ ဟိန္ဒီနဲ့ သက္ကတဘာသာတွေကို သင်ယူခဲ့ပါတယ်။ အဲဒီအချိန် မိဂဒါဝုန်မဟာဗောဓိအသင်းက ထုတ်ဝေတဲ့ ဟိန္ဒီဘာသာ ဓမ္မဒူတ စာအုပ်မှာ ဟိန္ဒီဘာသာနဲ့ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံက ဂျာနယ်ကျော်မှာလည်း ဆောင်းပါးများ စတင်ရေးသား ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဝိဇ္ဇာအမည်နဲ့ ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း)ကိုရေးသားခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာတော့ ပါရဂူအမည်နဲ့ ဗုဒ္ဓစကားကို စတင်ရေးသားခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ ရဟန်းတော် ပါရဂူဟာ လူဝတ်လဲခဲ့ပါတယ်။ ။ ၁၉၅၆ ခုနှစ်မှာ နယူးဒေလီမြို့ အာရှစာရေးဆရာများညီလာခံကို မြန်မာ စာရေးဆရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ခုနှစ်အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးပြန်ကြားရေး ဘာသာပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တစ်ဖက်မှာ လည်း မြန်မာနိုင်ငံစာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ သုန္ဒရာနန္ဒ ခေါ် ညီတော်မင်းနန် စာအုပ်နဲ့ အနုပညာဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အတွင်း မြန်မာနိုင်ငံစာရေး ဆရာသမဂ္ဂအသင်း အမှုဆောင်မြန်မာနိုင်ငံစာပေပြန့်ပွားရေး အသင်း အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၈၅ ခုနှစ်မှာ မြန်မာ နိုင်ငံကောလိပ်နှင့် တက္ကသိုလ်များရဲ့ အရှေ့တိုင်းစာပေသင်ကြားရေး အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဗာရာဏသီ မြို့မှာ ဟိန္ဒီဘာသာနဲ့ထုတ်ဝေတဲ့ အာရုံနေ့စဉ်သတင်းစာမှာ ပါရဂူ အမည်နဲ့ ဗာရာမာကီကျတ္တိ (မြန်မာပြည်မှပေးစာများ) ဆောင်းပါး တွေကို ပင်တိုင်ဆောင်းပါးရှင်အနေနဲ့ ရေးသားခဲ့ပါတယ်။ ကရာချိ ကနေ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ ယူနက်စကိုနယူးစ်လက်တာ မှာလည်း လှကြိုင် အမည်နဲ့ မြန်မာနိုင်ငံစာပေယဉ်ကျေးမှုသတင်းနဲ့ ဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဂေါရီစာအုပ်နဲ့ ၁၉၈၆ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်ဆုကို ချီးမြှင့်ခြင်းခံရပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ မြန်မာပြည်တဂိုးအသင်းဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံယဉ်ကျေးမှု တက္ကသိုလ် ပညာရေးအဖွဲ့ အဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့ (ဓမ္မဇောတိ) အမှုဆောင် မင်္ဂလာဗျူဟာပရဟိတအဖွဲ့ ဥက္ကဋ္ဌတာဝန်တွေကို စာပေနှင့် ယဉ်ကျေးမှုတို့ မြင့်မားစေဖို့ အတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ ရည်ညွှန်း ကျမ်းစီစဉ်ရေးအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး နော်ဝေရောက် အိန္ဒိယအမျိုးသားများ အင်္ဂလိပ် - ဟိန္ဒီ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ သဲ့တိဒူတ မဂ္ဂဇင်းရဲ့ အကြံပေးအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ပခုက္ကူဦးအုန်းဖေရဲ့ တစ်သက်တာစာပေဆုကို ချီးမြှင်ခြင်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်အမြင့်ဆုံး စာပေဆုဖြစ်တဲ့ အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်အတွက် ချီးမြှင့်ခြင်းခံရပါတယ်။ အဲဒီ အချိန်မှာ ဆရာပါရဂူရဲ့ အသက်ဟာ ၈၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ကြီး ဆရာကြီးက ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံမြို့နယ် ၁၆ ရပ်ကွက်မှာရှိတဲ့နေအိမ်ကို ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်ကြီး အဖြစ် တည်ထောင်ဖွင့်လှစ်ထားပါတယ်။ သူတစ်သက်တာစုဆောင်း ထားခဲ့တဲ့ ရှားပါးစာအုပ်စာတမ်း များကို နှောင်းလူတို့လေ့လာဆည်းပူး ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအတွက်ရင်းနှီးထူထောင်မှု ကိုလည်း သန့်ရှင်းဖြူစင်တဲ့သူ့ရဲ့ စာမူခတွေနဲ့ တည်ထောင်ခဲ့ရှာတဲ့ အတွက် အင်မတန်သန့်ရှင်းမွန်မြတ်တဲ့ စာပေကုသိုလ် ဖြစ်ခဲ့ပါတယ်။ ဆရာကြီးပါရဂူဟာ သူ့ရဲ့စာပေဖြတ်သန်းမှု သမိုင်းတစ်လျှောက် ဦးနှောက်မှာ အနည်အနှစ်အဖြစ်ကျန်ရစ်တဲ့ ဒဿနစာပေတွေကို ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ ပိုမိုရေးသားဖြန့်ဝေခဲ့ပါတယ်။ ဆရာကြီးဟာ အသက် ၉၀ ပြည့်တဲ့ ၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ယနေ့အထိ သက်ရှိ ထင်ရှားသာ ရှိခဲ့မယ်ဆိုရင် နှစ်တစ်ရာပြည့်မြောက်ချိန်လည်း ဖြစ်ပါတယ်။ ။ ကိုရင်ငယ်ဘဝကနေ ကွယ်လွန်တဲ့အချိန်အထိ မြန်မာစာပေ။ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဝင်အချက်အလက်ပေါင်းများစွာကို ရေးသားပြုစုခဲ့ရာ မှာ စာအုပ်ရေ ၁၀၀ ခန့်ရေးသားခဲ့ပြီး သတင်းစာတွေ၊ ဂျာနယ်တွေမှာ လည်း ဘဝနေဝင်ချိန်အထိ ဆောင်းပါးတွေ၊ ဒဿနတွေနဲ့ မြတ်ဗုဒ္ဓ အဆုံးအမတွေကို ဖော်ထုတ်ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထင်ရှားကျော်ကြားတဲ့ စာအုပ်တွေဖြစ်တဲ့ စကားပြော သောရုပ်တုများ၊ စာပေခရီးသည်၊ စိတ္တရလေခါ၊ တဂိုး၏ ဝတ္ထုတိုများ၊ နီတိပုံပြင်များ၊ သီပေါ၏မဟေသီ၊ အမေ့ခံခရီးသည်၊ အမ္ဗပါလီ စတဲ့ စာအုပ်တွေဟာ စာဖတ်ပရိသတ်တွေရင်ထဲ မှာယနေ့တိုင်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ။ မေ