နေပြည်တော် မေ ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့် ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြား နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များ အလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့၊ ဗန်းမော်မြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့၊ ဘားအံမြို့၊ ကော့ကရိတ်မြို့၊ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့၊ ပေါင်းတည်မြို့များရှိ အခြေခံပညာ ကျောင်းများ၌ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင် အတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ခြင်ဆေး ဖျန်းခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးကြသည်။ ။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်