Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃၁

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မီးသွေးချောင်း ကျေးရွာနေ သက်နိုင်ထွန်း(ခ)ပေါ်လာကြီး(ဘ)ဦးကံထွန်း၊ မရမ်းရိုးကျေးရွာနေ ကျော်သန့်စင်ဦး (ခ)ကျော်ကြီး(ဘ)ဦးအောင်အောင်ဦးနှင့် ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်အုပ်စု၊ ရွာသစ်ကုန်း ကျေးရွာနေ ငါးသိုင်းချောင်းတိုက်နယ်ဆေးရုံမှ အထက်တန်း သူနာပြု မနုနုရီ(ဘ) ဦးဌေးအောင် တို့ ၃ ဦးသည် ၎င်းတို့၏ Thet Naing Tun Facebook account ၊ Kyaw Thant Sim Oo Facebook accountနှင့် Htoo Htet Myat Mg Facebook account များဖြင့် လူမှုကွန်ယက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေခြင်း၊ တရားမဝင် သတင်းမီဒီယာများမှ သတင်းများအား ပြန်လည်မျှဝေခြင်း၊ တရားမဝင် အဖွဲ့အစည်းဖြစ်သည့် CRPH အားထောက်ခံခြင်း၊ အများပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့် ဖြစ်စေရန်နှင့် ပြစ်မှုကျူးလွန်လာစေရန် သွေးထိုးလှုံ့ဆော် ရေးသားခဲ့ခြင်းများ ဆောင်ရွက် လျက်ရှိသဖြင့် ၎င်းတို့၏ နေအိမ်များအသီးသီး၌ မေ ၃၀ ရက်တွင် အသီးသီးဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများ၌ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်