Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၃၀

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမ၌ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်နှင့် ပညာရေးဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားအား သီဆိုဂုဏ်ပြုဖွင့်လှစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၊ Face  Shield နှင့် Hand Gel များအား ပေးအပ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ 

ဆက်လက်၍ တိုင်းမှူးက အခြေခံပညာကျောင်းသုံး ပုံနှိပ်စာအုပ်များအားပေးအပ်ရာ ခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးက လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသုံး ဗလာစာအုပ်များနှင့် ခဲတံများအား ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသား/ကျောင်းသူ တစ်ဦးစီက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

၎င်းနောက် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်ပြီး ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်