Skip to main content

CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင်ပါဝင်သော ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာ နမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးအရေးယူ

နေပြည်တော် မတ် ၈ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝန်းအပေါက်ဝ၌ မတ် ၂ ရက် နံနက် ၈ နာရီက တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများစုပေါင်း ဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင် ပါဝင်သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ ဒေါက်တာ အာကာမိုးသူ သည် CDM ထောက်ပံ့ရေးကော်မတီတစ်ရပ်အား ၎င်းအပါအဝင် ပါမောက္ခ ၇ ဦးဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေ ရှာဖွေရေးအဖွဲ့၊ သယ်ယူထောက်ပံ့ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ မှတ်တမ်းနှင့် အချက်အလက်ပြုစုရေးအဖွဲ့၊ နည်းပညာနှင့် ဥပဒေအကြံပေးအဖွဲ့ဟူ၍ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခနှင့် ကထိက ၁၅ ဦးဖြင့် ဦးဆောင်ဖွဲ့စည်းကာ CDM လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်းကို ဖော်ထုတ်တွေ့ရှိရကြောင်း။ အဆိုပါ CDM ဦးဆောင်လှုပ်ရှားသူ ပါမောက္ခနှင့် ကထိက ၁၅ ဦးအနက် ဒေါက်တာ အာကာမိုးသူနှင့် ချိတ်ဆက်လှုပ်ရှားသည့် ကျန်ပါမောက္ခနှင့် ကထိက ၁၄ ဦး တို့အား ဆက်စပ်တရားခံအဖြစ် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ တရားခံ ၁၄ ဦးမှာ ဒေါက်တာ ဝေယံလင်း(ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ နန်းနွယ်(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန)၊ ဒေါက်တာ အောင်ကျော်စွာ(တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒဌာန)၊ ဦးကြည်ထင်ပေါ် (တွဲဖက်ပါမောက္ခ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သင်္ချာဌာန)၊ ဒေါက်တာ ဝင်းပပထွန်း (တွဲဖက် ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စိတ်ပညာဌာန)၊ ဦးလှမျိုး(ကထိက၊ ဒဂုံတက္ကသိုလ်၊ မနုဿဗေဒဌာန)၊ ဒေါက်တာ ကျော်သန်းမိုး (ကထိက၊ ဒဂုံတက္ကသိုလ်၊ ရူပဗေဒဌာန)၊ ဒေါက်တာ ယဉ်ယဉ်ဝင်း(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာန)၊ ဦးတင်အောင်မိုး (ကထိက၊ ရန်ကုန်တက္ကသိုလ်)၊ ဒေါက်တာ သန်းလွင်ဦး(ကထိက၊ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန)၊ ဦးသန်းထိုက်အောင်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်းဌာန)၊ ဦးအောင်ကျော်စိုး(ကထိက၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သတ္တဗေဒဌာန)၊ ဒေါက်တာ တိုးတိုးကျော်(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) နှင့် ဒေါက်တာ သုလင်းဝေ(ကထိက၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့ ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)