Skip to main content

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စုပေါင်းထမနဲထိုးပွဲကျင်းပ

နေပြည်တော် မတ် ၈ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ အစဉ်အလာ မပျက် စုပေါင်းထမနဲထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ရုံးအမှတ်(၃၅)၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက် အားပေးကြသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် နှစ်စဉ် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ကာလ ကန့်သတ်ချက်များနှင့်အညီ မြန်မာ့ရိုးရာအစဉ်အလာမပျက်စေရေး ရည်ရွယ်၍ စုပေါင်းထမနဲထိုးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)