Skip to main content

အဓိကရုဏ်းဆန်စွာ ပြုလုပ်ခဲ့သူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၂၅ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၅ နာရီခန့် တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပြည်သူ လူထုအချို့လာရောက်၍ နိုင်ငံတော်မှ ရွေးချယ် တာဝန်ပေးအပ်သော အုပ်ချုပ်ရေးမှူးအား လက်မခံ နိုင်ကြောင်းနှင့် အုပ်ချုပ်ရေးရုံးအား သော့ခတ်ပိတ်ဆို့ ပြီး လူစုလူဝေးဖြင့် ဆန့်ကျင်ဆန္ဒပြနေကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေ နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် အဆိုပါနေရာသို့ သွားရောက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူလူထု ၄၀၀ ကျော်ခန့်က သံပုံးတီးခြင်း၊ ဆူပူအော်ဟစ်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား အဓိကရုဏ်းဆန်ဆန် ပြုမဆောင်ရွက်ရန် ကြိုးစားလာခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသံမြည်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ ဒသမ ၁၂ ဗို့ကျည်ကို မိုးပေါ်ထောင်ဖောက် အသံပေးပစ်ခတ်ခြင်းများ ဆောင်ရွက်၍ လူစုခွဲခဲ့ရကြောင်း သိရသည်။ ။ အဆိုပါဖြစ်စဉ်တွင် အဓိကရုဏ်းဆန်စွာ နိုင်ငံတော်အားဆန့်ကျင်ခဲ့သည့် ဦးစီးဦးဆောင် ပြုလုပ်သူ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၃ ဦးတို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုဖြစ်စဉ်ကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များကို ( အခြားဒေသ၊ အခြားနေရာများတွင် ဖြစ်ပွား လာပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ သတင်းစဉ်