Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ မင်္ဂလာအခါသမယ၌ ချင်းပြည်နယ်အတွင်း သာမက မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေထိုင်လျက်ရှိကြသော ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကို သိမ်းပိုက်ကျွန်ပြုပြီး သည့်နောက် တောင်တန်းနှင့် မြေပြန့်ဒေသများကို သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ချင်းတိုင်းရင်းသား တို့သည် ကိုလိုနီလက်အောက်ကနေလွတ်မြောက်ရန် အသက်သွေးချွေး အိုးအိမ်စည်းစိမ်များစွာကို စတေးပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်ရေးရရှိပြီးသည့်နေနောက် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူထုညီလာခံကျင်းပပြီး တိုက်သူ ကြီးများ (စော်ဘွားများ)အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အုပ်ချုပ်ရေး စနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည့် ဖလမ်းမြို့၊ လူထုညီလာခံကျင်းပခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို “ချင်းအမျိုး သားနေ့” အဖြစ် ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပသည့် သတ္တမအကြိမ် ချင်းရေးရာကောင်စီညီလာခံက ရွေးချယ်သတ်မှတ် အတည်ပြုခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ အစပြုပြီး သတ်မှတ်ခဲ့ သည့် ချင်းအမျိုးသားနေ့သည် ယခုအခါ (၇၃)နှစ်မြောက် ရှိခဲ့ပြီဖြစ် ပါသည်။ ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှုသမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်းအရ တူညီသည့် ချင်းမျိုးနွယ်စုဝင်အားလုံးအတွက် သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ချင်းပြည်နယ်သည် သဘာဝပထဝီအနေအထားအရ မြောက်မှတောင်သို့ သွယ်တန်းနေသည့် တောင်တန်းများ၊ ရှားပါးအပင်များပေါက်ရောက်ပြီး ရှားပါးသတ္တဝါများခိုအောင်းရာ ခေါနူးစုမ် တောင်၊ လှပသည့် ရိဒ်ရေကန်၊ ကုလားတန်မြစ်၊ မဏိပူရ်မြစ်၊ ဘွေနူးမြစ်၊ ဘုံတလာရေတံခွန် စသည့် လှပသည့် သဘာဝအရင်းအမြစ်များတည်ရှိရာ ပြည်နယ်တစ်ခု ဖြစ်ပါသည်။ လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်လာသည်နှင့်အမျှ သဘာဝခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာ မည်ဖြစ်ပါသည်။ ။ များဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ ချင်းတိုင်းရင်းသားပြည်သူ များကလည်း လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ထုံးတမ်း အစဉ်အလာများ၊ယဉ်ကျေးမှု ရိုးရာ ဓလေ့ပွဲတော်များ၊ ဘာသာစကား၊ စာပေနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ချင်းတိုင်းရင်းသား မျိုးနွယ်စုများ အနေဖြင့်လည်း မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် မြှင့်တင်ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မတူညီသော တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ၊ ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု၏ ပဒေသာစုံ အလှတရား များပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေများကို ယခုထက်မကတိုးမြှင့်ပြီး ထိန်းသိမ်းကာကွယ်၍ ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော် ပေးကြရန် တိုက်တွန်းလိုပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် ဒေသအလိုက် ဘာသာစကားနှင့် စာပေ မတူညီကြသော်လည်း “မတူကွဲပြားမှုကို စည်းလုံးမှုအင်အားတစ်ရပ်” (Unity in diversity)အဖြစ် အသုံးချတတ်ပြီး ချင်းပြည်နယ်ကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စွမ်းရည်နှင့် စွမ်းအားရှိသော လူသားအရင်းအမြစ်များ ပိုမိုတည်ဆောက်နိုင်ရန်လိုအပ်ပါသည်။ အစဉ်အလာ ကြီးမားပြီး ချင်းလူမျိုးများ တစ်လုံးတစ်ဝတည်းစုစည်းစေခဲ့သော အောက်ချင်း ငှက်ပမာ သစ္စာရှိမှု၊ ပွင့်လင်းမှု၊ အမှန်တရားကို ချစ်မြတ်နိုးမှုများသည် လက်ရှိ ချင်းတိုင်းရင်းသားများ၏ ဓလေ့စရိုက်များဖြစ်ပြီး ယင်းစရိုက်ကောင်းများဖြင့် နိုင်ငံတော်ကြီးကို စောင့်ထိန်းကာကွယ်ဖို့ တာဝန်ရှိမည်ဖြစ်ပါသည်။ ပြည်ထောင်စုသားအားလုံးနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့က လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာတည်ဆောက် နိုင်ရေးအတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ (၁၀)နှစ်တာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနှင့် လက်တွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးနှင့် အတူ ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ဆက်လက် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးအနက်ထားတိုက်တွန်းရင်း သဝဏ်လွှာပေးပို့လိုက်ပါသည်။ (ပုံ) မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ