Skip to main content

Jan 21, 2025

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 21, 2025

“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 21, 2025

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 21, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား Exploring Myanmar Culture &Tourism Organization ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါ အထူးဇုန်စိုက်ခင်းတွင် ရေစီးအားသုံးရေတင်ဒလက်ဖြင့် ရေပေးဝေနေမှုကိုလည်းကောင်း၊ ကံစုကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါအထူးဇုန် ဧက ၇၀၀ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ မြောက်နဝင်း ဆည်ရေသောက်စနစ်အတွင်း နတ်တလင်း‌ကျေးရွာအနီး နွေစပါး တိုးချဲ့စိုက်ပျိုးမည့်နေရာနှင့် ပြည်မြို့နယ်ငါးရွာအုပ်စုရှိ ၂၀၂၄ -၂၀၂၅ ခုနှစ် ဆောင်းနေကြာ ရုရှားမျိုးကိုးမျိုးပါဝင်သည့် မျိုးပေါင်း ၁၂ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

စေတိယင်္ဂပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ အောင်ရွှေနန်းဟိန်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးဇော်ဌေး+ဒေါ်နွဲ့နွဲ့ဝင်း မိသားစုတို့က ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် အချင်း လက်မ ၃၀ ၊ ထုသုံးလက်မခွဲအရွယ်ရှိ “စေတိ ယင်္ဂဏ စာလျှောက်မေးပွဲတံဆိပ်တော်” များအား ရွှေတိဂုံစေတီ တော်ဗုဒ္ဓပြတိုက်သို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်ဗုဒ္ဓပြတိုက်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (Myanmar National Building Code) အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး Conference Room ၌ ကျင်းပပြုလုပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည့်ရှုသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 19, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၆ ရက်က ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးရေလှောင်တမံ၏ လက်ယာတူးမြောင်းမကြီးနှင့် တူးမြောင်းလက်တံ အမှတ်(၁၀-က) တို့မှ စိုက်ပျိုးရေပေးဝေနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေပေးဝေရာတွင် အလေအလွင့်နည်းပါးစွာ စနစ်တကျပေးဝေနိုင်ရေး၊ ရေလှည့်စနစ်ဖြင့် ပေးဝေနိုင်ရေး၊ ရေသောက်ဧရိယာအတွင်း ကုန်းမြင့်စိုက်ပျိုးမြေများတွင် ဆိုလာရေတင်စနစ်ဖြင့်လည်းကောင်း၊ အလိုအလျောက်ရေတင်စနစ် (Water Turbine Pump)ဖြင့်လည်းကောင်း ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 19, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောက်ပုံကုန်းကျေးရွာရှိ UK ကြက်သွန်ကြော် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 19, 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၊ ကုမ္ပဏီများမှ ပညာရှင်များအား ယနေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

ရေဘေးသင့် အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်းနှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ လူထုအခြေပြုစုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရှမ်းပြည်နယ်ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ(၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက်ရှိ မြန်မာအနုပညာဗဟိုဌာန (ရန်ကုန်)အဆောက်အအုံ (Steel Structure Skeleton Building)ကို တည်ဆောက်ခဲ့သော iGreen Construction Co., Ltd ထံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံ ယူသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးစံချိန်စံညွှန်းပြည့်မီသည့် ဖွဲနုဆီများ စနစ်တကျ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဖွဲနုဆီစက်များ တည်ဆောက်လည်ပတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်ကျင့်စဉ်များ (Code of Practice for Construction and Operation of Rice Bran Oil Mill) နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jan 18, 2025

လဟယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ တောင်တန်းသာသနာပြု ဗဟိုခေါင်းဆောင် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့အတူ လဟယ်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းသို့ သွားရောက်ခဲ့ပြီး သိက္ခာတော်ရ ဆရာတော်ဦးအထွန်းနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်