Skip to main content

Nov 12, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Cluster-9 တွင် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို တည်ခင်းဧည့်ခံကျွေးမွေးနိုင်ရန် ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ တည်ခင်းကျွေးမွေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ရေကူးနည်းပြသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

ပြည်တွင်း၊ ပြည်ပလုပ်သား ဈေးကွက်မှလိုအပ်သော ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၉ ရက်တွင် ချန်းကျိုမြို့ရှိ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့် စက်ရုံ Lu An Chemical Plant သို့ သွားရောက်လေ့လာရာ စက်ရုံတာဝန်ရှိသူများက ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရန်၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရရှိစေရန်၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ အလုပ်သမားဝန်ကြီးဌာနဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ၏ ထုပ်ဆီးတိုးပြိုင်ပွဲကို ယနေ့တွင် ယင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာ ခေတ်မီလက်မှုပညာသင်တန်းကျောင်းစီမံကိန်း ဖွင့်ပွဲအခမ်းအနားနှင့် အဝတ်အထည်ချုပ်လုပ်မှု သင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 12, 2024

၂၀၂၄ ခုနှစ် တရုတ်-အာဆီယံယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်မြောက် နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာမြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်တို့ကျင်းပမည်ဖြစ်ရာ အဆိုပါအခမ်းအနားနှင့် မီဒီယာဖိုရမ်သို့တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၄၁ ဦးနှင့် ပြင်ပမီဒီယာနှင့်  အဖွဲ့အစည်းများမှ ခုနစ်ဦး စုစုပေါင်း ၄၈ ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 11, 2024

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌ ကျင်းပသော 2024 ASEAN MEDIA PARTNERS COOPERATION WEEK ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မသန်စွမ်းအားကစားသမားများနှင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကြမည့် မြန်မာ့ခြင်းလုံးအလှခတ်အဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

Naypyitaw State Academy ကို “ ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ်ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “တောင်သူနှင့်အတူ ဆီထွက်သီးနှံ မျိုးစေ့ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး (Farmers’ Participatory Seed Production For Oilseeds Crops and Value Chain Development)” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 10, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေအတွင်း ဆင်သေချောင်းပေါ်ရှိ ဥယျာဉ်တံတားအဝင်ရေလမ်းကောင်းမွန်ရေး အရေးပေါ်ယာယီကာကွယ်ရေးလုပ်ငန်းများဖြစ်သော သောင်တူးလုပ်ငန်းနှင့် မျောရေကာတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) နှင့် (ရန်ကုန်) တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်ကြကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2024

ကရင်ပြည်နယ် ဘားအံမြို့၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့နှင့်အတူ ယမန်နေ့က ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2024

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2024

မြန်မာနိုင်ငံ သစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာ  ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်