Jun 22, 2025
ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ က နေပြည်တော်ရှိ Naypyitaw State Polytechnic University တွင် Hybrid စနစ်ဖြင့် ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 22, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တာဝန်ရှိသူများသည် ဇွန် ၁၉ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ဘုရားကြီးကုန်းကျေးရွာအုပ်စု မြောင်းနှစ်မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မြို့အတွင်း ရေဝပ်မှုလျော့ပါးသက်သာစေရေးနှင့် လယ်ယာမြေရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် အသေးစိတ်ကွင်းဆင်းလေ့လာပြီး ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ (ရုံးချုပ်) နှင့် ပေါင်းစပ်ညှိနှိုင်းကာ ဒီဇိုင်းပုံစံများရေးဆွဲဆောင်ရွက်၍ ရေနုတ်ခြင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 22, 2025
၂၀၂၅ ခုနှစ် (၁၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakuri နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 22, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 22, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 22, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ရာသီဥတုမှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင်ကျွန်းပင် ၉၅၀ ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်းစိုက်ပျိုးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်လယ်ကိုင်းကျေးရွာသို့ သွားရောက်၍ အပ်ချုပ်နည်းပညာသင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နေသည့် ဒေါ်နွယ်နွယ်ဝင်း၏ နွယ်နွယ်ဝင်းအပ်ချုပ်လုပ်ငန်းနှင့် ဒေါ်ယမင်းခိုင်၏ မေမြင့်မိုရ်အပ် ချုပ်လုပ်ငန်းတို့ကိုလည်းကောင်း၊ ကိုသိန်းသန်းနှင့် ကိုဖြိုးတို့၏ ဆိုင်ကယ်ပြင်လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်ကြီးများ၊ အကြံပေးပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ လေ့လာသူ ပြင်ပပညာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘာသာရေးအဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၇ ရက်က ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်နှင့် ကော်မတီဝင်များ၊ အသင်းမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှု ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) နှင့် ရေကူးကန်ရေပိုက်လိုင်းများနှင့် မီးလိုင်းများ၏ ထိခိုက်ပျက်စီးခဲ့မှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာသုတေသနဗဟိုဌာနတွင် ဇွန် ၁၆ ရက်က အသေးစားလေအားလျှပ်စစ်သုတေသနလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ညောင်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအပါအဝင် ကျေးရွာပေါင်း ၁၁ ရွာ၊ စိုက်ပျိုးရေး သမဝါယမအသင်းပေါင်း ၁၁ သင်းတို့မှ အသင်းသားတောင်သူ ၁၀၄ ဦးအတွက် ၂၀၂၅-၂၀၂၆ မိုးစပါးစီမံကိန်းတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်တိုးမျိုးစပါးနှင့် သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 20, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စု၊ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 19, 2025
မြန်မာ - တရုတ်နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုဖော်ညွှန်းသည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်ဇာတ်လမ်းပုံပြင်များစုစည်းမှု၊ ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ စာအုပ်မိတ်ဆက်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်