Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ပြည်သူများအား အနုပညာရှင်များ ဖျော်ဖြေတင်ဆက်

ကျောက်မဲ ဒီဇင်ဘာ ၁၉

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်အတွက် ယနေ့နံနက်ပိုင်းက နေပြည်တော်မှထွက်ခွာရာ ညနေပိုင်းတွင် ကျောက်မဲမြို့သို့ ရောက်ရှိကြသည်။

ပြည်​ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကျောက်မဲမြို့နယ် ပြည်သူများနှင့် ဝန်ထမ်းများက ကျောက်မဲမြို့အဝင်မုခ်ဦး၌ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တွေ့ဆုံပွဲကိုကျင်းပရာ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip ကို ဦးစွာ ဖွင့်လှစ်ပြသသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောက်မဲမြို့အတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်း အစုံ ၃၀၊ MRTV DVB – T2 Set Top Box အစုံ ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်ကို ဆောင်ရွက်ရာ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/ တေးသံရှင် ဟန်ထူးဈာန်၊ စျာစျာန်ဟန်သာ၊ သံသာမိုးသိမ့် ၊ တေးသံရှင် စစ်သွေး ၊ ထက်အဉ္ဇလီ ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေ၊ ခတ္တာတို့က သီဆိုဖျော်ဖြေကြပြီး ​ဒေသခံပြည်သူများကလည်း ပါဝင်သီဆို ကခုန်ကြကာ ပျော်ရွှင်စွာအားပေးခဲ့ကြသည်။

သတင်းစဉ်