Jul 09, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများထဲမှ နေပြည်တော်ကောင်စီနယ်မြေတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုနှင့် စားသုံးဆီတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း
Jul 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇူလိုင် ၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း အသားငါးမွေးမြူထုတ်လုပ်မှုတိုးတက်ရေး၊ ဆီထွက်သီးနှံ နှမ်း၊ နေကြာ စိုက်ဧကတိုးချဲ့ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နားမကြားသော ကလေးများကျောင်းရှိ ပင်မဆောင်အဆောက်အအုံထိခိုက်ပျက်စီးမှုအခြေအနေနှင့် စာသင်ဆောင် အဆောက်အအုံ၊ အမျိုးသား/ အမျိုးသမီးအိပ်ဆောင် အဆောက်အအုံ စားဖိုဆောင်နှင့် ရိပ်သာအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
“တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အမှတ် (၂) ခရိုင်ချင်းဆက်လမ်းမှ ရှေးဟောင်းသမိုင်းဝင် သားခိုတောင် မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ သွားသောလမ်းအရှည် သုံးမိုင်ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ JSC “Rosoboronexport” ကုမ္ပဏီက ငွေကျပ် ၉၀၆ ဒသမ ၂၅၀ သန်းကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 09, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု နောင်ဝယ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဒေါ်အေးနွမ်းစံ၏ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မြန်မာ့ဘော်လီဘောအားကစားနည်း ပြန်လည်အောင်မြင်လာအောင် ကြိုးစားပြီး နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ကူညီရန်မှာကြား၍ ပဏာမလက်ရွေးစင်ဘော်လီဘောအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
EV (Electric Vehicle) ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၅ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ လေသန့်စင်အလုပ်ရုံလည်ပတ်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် စီမံကိန်းလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လက်တွေ့ဆောင်ရွက်နေသည့်လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 08, 2025
မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ကကျင်းပသော (၁၅)ကြိမ်မြောက် ဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်(၄၈)ရပ်ကွက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 07, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး U-18 ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် အားကစားသမားအရန်ထိုင်ခုံများ ကောင်းမွန်စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကိုမှာကြားပြီး တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 07, 2025
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးသို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသား ၁၇ ဦး၊ ကင်ညာနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၁၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်အချက်အလက်များ စာရင်းကောက်ယူနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 07, 2025
ဇူလိုင် ၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jul 07, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University (NSPU) မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
