Mar 29, 2026
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Mar 29, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 29, 2026
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအားရည်စူး၍ တစ်နှစ်ပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး ဆွမ်းစားကျောင်းဆောင်၌ ကျင်းပသည်။
Mar 28, 2026
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code / QR Code စနစ်ဖြင့် ယာဉ်၏စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများစိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ယနေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 28, 2026
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code စနစ်ဖြင့် ယာဉ်၏ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ၌ ယနေ့တွင် စတင်ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 25, 2026
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
Mar 25, 2026
လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက်မွေးမြူရေးခြံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သမဝါယမအသင်းအဆင့်အဆင့်မှ တာဝန်ရှိသူများ၊ မျိုးဇမ္ဗူသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့် သမဝါယမအသင်းသား အသင်းသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
Mar 25, 2026
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် ၃၄ ၌ ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Mar 25, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ နည်းပညာကျောင်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး သုတ၊ ရသ စာအုပ်များ လှူဒါန်းသည်။
Mar 25, 2026
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၁) ၌ ကျင်းပသည်။
Mar 25, 2026
၂၀၂၆ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 23, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအရ တက္ကသိုလ်အဝင်နှင့် လမ်းနေရာပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ အဓိပတိလမ်းတစ်လျှောက် ပလက်ဖောင်းနှင့် လမ်းမီးတိုင်များ ဆောင်ရွက်ပြီးစီးမှု၊ အလှရေကန်များ ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်ဘောလုံးကွင်းတည်ဆောက်ပြီးစီးမှုနှင့် ပြေးလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်ဥပဓိရုပ်တင့်တယ်စေရေးနှင့် သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
Mar 23, 2026
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးကြသည်။
Mar 22, 2026
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး ညီလာခံခန်းမ၌ ကျင်းပသည်။
Mar 22, 2026
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 22, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်လယ်ဝေးမြို့နယ်ရှိ သီးနှံစိုက်ဧကများ ပိုမိုတိုးတက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် ချောင်းမငယ်နှင့် မဒန်းဆည်ရေသောက်စနစ်အတွင်း မြောင်းအဖျားပိုင်းဧရိယာများအထိ နွေစပါးနှင့် နွေအခြားသီးနှံစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Mar 22, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ ဆင်သေချောင်းရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတားအဝင် ရေလမ်းပိုင်းနေရာများအတွင်း သောင်တူးဖော်ခြင်း၊ အထောက်အကူပြု ရေကာများတည်ဆောက်ခြင်းလုပ်ငန်းများနှင့် စစ်တောင်းမြစ်ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 22, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်လည်တွင် မြေအသုံးချမှုပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစားသယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ထွက်ခွာလာကြရာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိကြသည်။
Mar 22, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မတ် ၂၀ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးရန်၊ စာမေးပွဲပြီးချိန်၌ Academic Calendar အတိုင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်သွားနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်အနီးဝန်းကျင်တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေးဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်တွင် အခန်းအလိုက် စာအုပ်များ ဖြည့်ဆည်းထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုမှုအဆင်ပြေစေရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။
Mar 21, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် မော်လမြိုင်တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
