Skip to main content

Apr 20, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်လမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မိုင်တိုင်အမှတ် (၁၆၅/၁) ရှိ ဆွာချောင်းတံတား အသစ်တည်ဆောက်နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2026

ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးကကျင်းပသည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၆ (Songkran Festival 2026) အခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2026

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2026

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှား နိုင်ငံမော်စကိုမြို့ရှိ ရုရှားနိုင်ငံတစ်ဝန်းလုံးအတွက် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုထိန်းချုပ်သည့် Russian Power System Operator သို့သွားရောက် လေ့လာကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်၌ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ် (၁) ရေကန်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပညာရေးဝန်ကြီးဌာနမိသားစုများ၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဇီဝိတဒါနငါးလွှတ်ပွဲကို နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ရုံးရှေ့တစ်ဖက်ပိတ်လျှိုပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံ အခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2026

နိုင်ငံတော်သမ္မတရုံး နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးတော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2026

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov အား သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 17, 2026

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရုံးအမှတ် (၃၈) ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ ဆက်လက်ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 16, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်အတူ ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့ သွားရောက်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain မှ President ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2026

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ယနေ့မဟာသင်္ကြန်အကျနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 15, 2026

အားကစားရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 14, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်